မေ ၅

 

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရတ်တောင်ပိုင်း  ကီလိုမီတာ ၆၀ ခန့်အကွာ မလာဒီနိုဗက်မြို့အနီး ကျေးရွာများတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးရှစ်ဦးသေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ယနေ့တွင် ဖော်ပြထားသည်။

 

ဆားဘီးယားပြည်သူ့ရုပ်သံလွှင့်ဌာန၏ဖော်ပြချက်အရ ထိုသေနတ်သမားသည် အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်ဟု သိရသည်။

 

ထိုအမျိုးသားသည် မောင်းနှင်နေသောကားတစ်စီးပေါ်လိုက်ပါနေရာမှ လူအုပ်အတွင်းသို့ ပစ်ခတ်သွားခြင်းဖြစ်သည်။

 

၎င်းသေနတ်သမားသည် ကျေးရွာတစ်ရွာတွင် ပစ်ခတ်ခဲ့ပြီး အနီးနားကျေးရွာတစ်ရွာတွင်လည်း ဆက်လက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

 

သံသယရှိသူကိုရှာဖွေရန် အထူးတပ်ဖွဲ့ဝင် ၆၀၀ နှင့် ရဟတ်ယာဉ်တစ်စင်းကိုဖြန့်ချထားကာ ရဲတပ်ဖွဲ့ဝင်များကိုလည်း ထူထပ်စွာဖြန့်ချထားသည်။

 

ယခုပစ်ခတ်မှုသည် ဆားဘီးယားနိုင်ငံတွင် နှစ်ရက်တာကာလအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

မေလ ၃ ရက်က စာသင်ကျောင်းအတွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကိုးဦးသေဆုံးပြီး အခြား ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို