ရေတာရှည်  ၁၃  ဇန်နဝါရီ

ပဲခူးတိုင်းဒေသ◌ကြီး ရေတာရှည်မြို့နယ် ဆွာချောင်းတမံမှ နွေစပါးစိုက်ဧက ၈၀၀၀ ကျော်ကို ရေများပေးဝေလျက်ရှိပြီး ကျေးရွာအုပ်စု ရှစ်ခုတွင် စိုက်ပျိုးပြီး၊ စိုက်ပျိုးနေဆဲဖြစ်သည်ကို တွေ့ရှိရသည်။

ထို့အတူ ဆွာချောင်းနှင့် သိုင်းချောင်းစီးဆင်းရေဖြင့် ချောင်းမြောက်ဘက်ခြမ်းရှိ တောင်သူများ နွေစပါးစိုက်ပျိုးနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆွာမင်းလမ်းကျေးရွာအုပ်စု စီပင်အေးကျေးရွာအနီး၌ စက်ယန္တရားများဖြင့် သဲတမံပြုလုပ်၍ ရေသိုလှောင်ခြင်းလုပ်ငန်းများ အားလုံး ဇန်နဝါရီ ၅ ရက်တွင် ပြီးစီးသွားခဲ့ပြီး အဆိုပါချောင်းပိတ်ရေဖြင့် သစ်ယာကုန်း၊ စိမ့်ဝိုင်း၊ ဆီဆုံကုန်း၊ ရွှေသပြေ၊ မြောက်လွှတ်ကုန်းကျေးရွာ ဝန်းကျင်ရှိ ကွင်းအမှတ် ၆၁၉၊ ၆၂၀(က)၊ ၆၂၁(ဂ) တို့တွင် နွေစပါး စိုက်ဧက ၃၀၀ ကျော်ကို ရေပေးဝေနေပြီ ဖြစ်သည်။

သန်းလွင်