ဆားလင်းကြီး   ၂    အောက်တိုဘာ 

 


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် မြန်မာတစ်နိုင်ငံလုံးရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်လျှက်ရှိရာ ဆားလင်းကြီးမြို့နယ်၌(၁-၁၀-၂၀၁၉)ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကေျးရွာ အုပ်စုများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

 


အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းများကို (၃)လလျှင်တစ်ကြိမ် ပေးအပ်လျှက်ရှိရာ (ဇူလိုင်/ ဩဂုတ်/ စက်တင်ဘာ)လများအတွက် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကေျးရွာအုပ်စုများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၅၄၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၆၂ဝဝဝဝဝ)ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန မှတဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကေျးရွာအုပ်ချုပ်ရေးမှူးများ/ရပ်ကျေးစာရေးများ/ရာအိမ်မှူး/ဆယ်အိမ်မှူးများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံအိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့​ကြောင်း သိရသည်။

 


ဇော်လင်း(ဆားလင်းကြီး)