ဆားလင်းကြီး ၁၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျွဲခိုတောကျေးရွာအုပ်စု အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ရောဂါကာလ အတွင်း နိုင်ငံတော်အစိုရမှ စတုတ္ထအကြိမ်မြောက် ထောက်ပံပေးအပ်သည့် တစ်အိမ်ထောင်စုလျှင် ငွေကျပ်၂၀၀၀၀ကျပ်နှုန်း ထောက်ပံ့ငွေများကို ကျေးရွာအုပ်စုနယ်မြေတာ၀န်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေး၀န်ထမ်းများက ယနေ့နံနက်ပိုင်းက အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စာဝတ်နေရေးအဆင်ပြေစေရန်အတွက် ကျွဲခိုတောကျေးရွာအုပ်စုအတွင်းရှိ ကျွဲခိုတောကျေးရွာမှ အိမ်ထောင်စု(၁၉၀)စုနှင့် ပေါက်တောကျေးရွာမှ အိမ်ထောင်စု (၆၀)၊ ဆင်ဖြူခြေကျေးရွာမှ အိမ်ထောင်စု (၉၁)စု၊ မြင်သာကုန်း ကျေးရွာမှ အိမ်ထောင်စု (၂၉)စု ၊ကုန်းပိုင်းကျေးရွာမှ အိမ်ထောင်စု (၂၁)စု၊ စုစုပေါင်း အိမ်ထောင်စု(၃၉၁)စုအတွက် တစ်အိမ်ထောင်စုလျှင် ၂၀၀၀၀ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် (၇၈၂၀၀၀၀) ကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် နယ်မြေတာဝန်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ထောက်ပံ့ငွေများကို အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီး (ပြန်/ဆက်)


