ဆားလင်းကြီး  ၂၇   မေ

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ခွင့်သာကျေးရွာရှိ အောင်ကျော်သူ ကုန်ထုတ်သမဝါယမ အသင်းနှင့် သံလျက်ကိုင်းကျေးရွာရှိ တိုးတက်အောင် လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းတို့သည် ရွာတစ်ရွာ ထုတ်ကုန်တစ်မယ် One Village One Product အစီအစဉ် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉  ကာလအတွင်း အသင်းသားပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပုံမှန်ဝင်ငွေ ရရှိစေရန်အတွက် သင်ဖျာထုတ်လုပ်ခြင်းလုပ်ငန်းကို အိမ်တွင်းမှုလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး အသင်းသားတစ်ဦးလျှင် တစ်လ သင်ဖျာချပ်ရေ (၁၇)ချပ်မှ (၂၀)ချပ်အထိ ရက်လုပ်နိုင်သဖြင့် တစ်ဦးကျဝင်ငွေ တစ်လလျှင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းအထိရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

သမဝါယမဦးစီးဌာန