ဆားလင်းကြီး     ၂၃   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးသီးများကြွကျေခဲ့ပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၉)အုပ်စုတွင် လူနေအိမ်များ အမိုးလန်ခြင်း၊ ပျက်စီးခြင်း၊ ဘုရားထီးတော်မြေခခြင်း၊ လျှပ်စီးမီးတိုင်များကျိုးခြင်း၊ မီးကြိုးပြတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

63.

 

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွာသမြင်း၊ ချောင်းရိုး၊ ပန်းထူး၊ လင်းစားကျက်၊ ရုံးပင်ရိုး၊ သမ္မတော၊ ကျိုင်းခမောက်၊ ဒုန်းတော၊ ဘုတ်စုကျေးရွာအုပ်စုများရှိ ကျေးရွာများတွင် လူနေအိမ် ၁၁၉လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ သာသနိက အဆောက်အဦ ၂ လုံး၊ မီးဖိုဆောင်နှင့် နွားစာတဲ ၁၇ လုံး အမိုးလန်ခြင်း၊ ဘုရားထီးတော်မြေခခြင်း၊ သာသနိက အဆောက်အဦများနှင့် လျှပ်စစ်မီးတိုင်းများကျိုးခြင်း၊ မီးကြိုးပြတ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

6.

 

အဆိုပါလေပြင်းတိုက်ခတ်၍ ပျက်စီးဆုံးရှုံးသောနေရာများသို့ မြို့နယ်စီမံခန့်ခွဲမှုကျော်မတီဉက္ကဌ ဦးဆန်းမြနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇော်လင်း(ဆားလင်းကြီး)

 

666.