ဆားလင်းကြီး ဒီဇင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂​ ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၅၄ သန်းဖြင့် ရွှေချမ်းသာ၊ ရွှေကြက်တွန် ကျေးရွာနှစ်ရွာရှိ လယ်ယာမြေဧက ၃၀၀ မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်းနှင့် Boxculvert တံတား နှစ်စင်း တည်ဆောက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ရွှေချမ်းသာ၊ ရွှေကြက်တွန်ကျေးရွာနှစ်ရွာကြားရှိ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည် ၅ ဖာလုံ အကျယ် ၁၅ ပေ ထုကျောက်ရောမြေ ၂ ပေ ဂျင်းကျောက် ၉ လက်မနှင့် အရှည် ၆ ပေ အကျယ် ၂၄ ပေ အမြင့် ၆ ပေ ရှိ Bocculvert တံတား နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် ၅၄ သန်းဖြင့် တင်ဒါအောင်မြင်သော Shwe Min Lae ကုမ္ပဏီမှ ယခုလ ဒုတိယပတ်ကစတင်၍ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းက ပြောသည်။

 

ကျေးလက်ကုန်ထုတ်လမ်းနှင့် Boxculvert တံတားနှစ်စင်း တည်ဆောက်ပြီးစီးသွားပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၀၃ အိမ်၊ လူဦးရေ ၁၆၁၃ ဦးတို့၏ လယ်ယာမြေဧက ၃၀၀ မှ လယ်ယာထွက်ကုန်များသည် ဆားလင်းကြီး၊ ယင်းမာပင် အစရှိသည့် မြို့ကြီးများမှ စျေးကွက်များသို့ အချိန်မီ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းက ဆက်လက်ပြောပြသည်။

 

ငြိမ်းသူ