ဆားလင်းကြီး ၂၂ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၌ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းများကို သြဂုတ် ၂၄ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး(နှစ်လဲ) လုပ်ငန်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း တို့ကို မြို့နယ်ခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို ပြည်သူများ ယာဉ်အန္တရာယ် မဖြစ်ပွားစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်း(ဆားလင်းကြီး)


