နိုဝင်ဘာ ၈

ဩစတြေးလျနိုင်ငံ ဆစ်ဒနီလေဆိပ်တွင် ယနေ့မွန်းလွဲပိုင်းက Qantas လေယာဉ်ပျံတက်စဉ် အင်ဂျင်ပေါက်ကွဲခဲ့ပြီးနောက် ယင်းလေဆိပ်လေယာဉ်ပြေးလမ်းအနီးရှိ မြက်ခင်းပြင်မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါဆစ်ဒနီလေဆိပ်သည်ဩစတြေးလျနိုင်ငံတွင်လေယာဉ်အတက်အဆင်းအများဆုံးလေဆိပ်ဖြစ်သည်။ ပြေးလမ်းအနီးမီလောင်မှုကိုငြှိမ်းသတ်ရန် ယင်းလေဆိပ်သို့မီးသတ်သမားနှင့် ကယ်ဆယ်ရေးသမားများ ဖြန့်ချထားသည်ဟု သိရသည်။

ဆစ်ဒနီလေဆိပ်မှ ဘရစ္စဘိန်းမြို့သို့ ထွက်ခွာသည့် QF520 Qantas လေယာဉ်အင်ဂျင်ပေါက်ကွဲမှုကြောင့် ယင်းမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း News Corp ဩစတြေးလျသတင်းစာကဖော်ပြထားသည်။

ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၁၇၄ ဦးပါရှိပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း Nine ရုပ်သံဌာန၏ဖော်ပြချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို