ဆစ်ဒနီ ဇူလိုင် ၁

ဩစတြေးလျနိုင်ငံ၏ မြို့ကြီးဖြစ်သည့် ဆစ်ဒနီ၌ ဗီဇပြောင်းဒယ်လ်တာ ကူးစက်မှုများကြောင့် စည်းကမ်းကန့်သတ်ချက်များကို တင်းကျပ်လိုက် ပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယ၌ ပထမဆုံး တွေ့ရှိခဲ့သည့် ဗီဇပြောင်းဒယ်လ်တာကူးစက်မှုကို လွန်ခဲ့သည့်လအတွင်းမှ စတင်ကာ ဩစတြေးလျတွင် တွေ့ရှိလာရသည်။

ဆစ်ဒနီမြို့ တည်ရှိသည့် နယူးဆော့ဝေးလ် ပြည်နယ်တွင်ကူးစက်မှုများ အဆမတန်များပြားလာမည့် အခြေအနေသို့ ဦးတည်နေသည်။ ဇူလိုင် ၉ ရက်က အရှေ့တောင်ပိုင်းပြည်နယ်တွင် ကူးစက်မှု ၄၄ ခု တွေ့လာရသည်။ ဆစ်ဒနီတွင် အသွားအလာပိတ်ဆို့ကန့်သတ်မှု ပြုလုပ်ထားသည်မှာလည်း ဇူလိုင် ၉ ရက်တွင် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သည်။

အသစ်ချမှတ်ထားသော တင်းကျပ်သည့် စည်းကမ်းချက်များအရ ပြည်သူများသည် မိမိတို့ နေအိမ်မှ ၁၀ ကီလိုမီတာအကွာသို့သာ သွားလာခွင့်ရှိမည်ဖြစ်သည်။ တစ်အိမ်ထောင်လျှင် တစ်ဦးသာ အပြင်ထွက်၍ လိုအပ်သည့် အစားအသောက်နှင့် ကုန်ပစ္စည်းများ ဝယ်ယူခွင့်ရမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် စိတ်ပျက်ကာ မောပန်းနေကြပြီဖြစ်သည်ကို နားလည်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောသည်။ ဩစတြေးလျနိုင်ငံသည် နယ်စပ်ထိန်းချုပ်ခြင်း အပါအဝင် အခြားသော တင်းကျပ်မှုများ လုပ်ဆောင်ခြင်းဖြင့် ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့သည်။

အင်န်အိတ်ချ်ကေ