ဆဒုံး  ၁   အောက်တိုဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံး - ကန်ပိုက်တီ ကားလမ်းသွား ကီလိုမီတာ (၉၀/၉၁) ကြား တံတားညီနောင်နေရာတွင် စက်တင်ဘာ ၁၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုမှု ထပ်မံဖြစ်ပွားခဲ့ရာ ပြိုကျလာသည့်​ မြေစာပုံနှင့်ကျောက်တုံးကြီးများကို မိုင်းခွဲပြီး စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခဲ့ရာ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီချိန်ခန့်၌ ကုန်တင်ယာဉ်နှင့် ခရီးသွားယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်​ကြောင်း သတင်းရရှိသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)