ဆဒုံး ၁၉ အောက်တိုဘာ
ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ မိုးစပါးရိတ်သိမ်းခြင်းကို နံနက် ၁၀ နာရီတွင် ဘာခေါင်ကွင်း၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဂမ်ဆိုင်းတို့က ဦးဆောင်ပြီး တောင်သူများနှင့်မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် တောင်သူ ဦးတင်ငွေ၏လယ် ဦးပိုင်အမှတ် (၆)တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးထောက်ပံ့ပေးထားသည့် နယူးအေရာသစ် မျိုးစပါးရိတ်သိမ်းရာတွင် တစ်ဧက အထွက်နှုန်း (၉၄) တင်းရရှိပြီး တောင်သူ ဦးပေါ်တိန့်၏လယ် ဦးပိုင်အမှတ် (၂၇)တွင် မျိုးစပါး GW-1 ရိတ်သိမ်းရာတွင် တစ်ဧက အထွက်နှုန်းတင်း (၇၀) ရရှိကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းခြင်းဖြင့် ဆဒုံးမြို့လူဦးရေ အနည်းအများအပေါ်မူတည်၍ မိုးစပါးအထွက်နှုန်း တွက်ချက်ပြီး ဒေသဝမ်းစာဖူလှုံမှုသိရှိနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်နိုင်ဌေး (ပြန်/ဆက်)


