နိုင်ငံတစ်ဝန်း ဖြတ်သန်းသွားသည့် ရေနံပိုက်လိုင်းတစ်ခုကို လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆော်ဒီအာရေဘီးယားနိုင်ငံက ပြောကြားသည်။

ရေနံပိုက်လိုင်းများကို တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့ပြီး အသေးစား ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေခဲ့ကြောင်း ဆော်ဒီစွမ်းအင်ဝန်ကြီး ကာလစ်အယ်လဖာလစ်က ပြောကြားသည်။

တိုက်ခိုက်မှုများမှာ အီရန်က ကျောထောက်နောက်ခံပြုထားသည့် ယီမင်ရှိ ဟူသီသူပုန်များအပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများကို ရင်ဆိုင်ရန် ဆော်ဒီအာရေဗျအစိုးရအတွက် အရေးကြီးသည်ကို တိုက်ခိုက်မှုများက သက်သေပြနေကြောင်း ဝန်ကြီးက ပြောသည်။

မောင်းသူမဲ့လေယာဉ်ခုနှစ်စင်းသည် ပစ်မှတ်အား အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြောင်း ဟူသီတို့က ကြေညာချက် တစ်ခုတွင် ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ ပင်လယ်နီအတွင်းရှိ ဆိပ်ကမ်းတစ်ခုသို့ ပါရှန်းပင်လယ်ကွေ့အနီးရှိ ရေနံမြေများမှ ရေနံများပို့ဆောင်ရာတွင် အဆိုပါပိုက်လိုင်းကို အသုံးပြုသည်။

 

mdn


 
တနင်္ဂနွေနေ့က ရေလက်ကြားအနီး ရေနံတင်သင်္ဘောနှစ်စင်းအပေါ် တိုက်ခိုက်မှုတစ်ခု၌ ထိခိုက်ပျက်စီးမှုကြီးမားခဲ့ကြောင်း ဆော်ဒီအာရေဗျက ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှစ်ခုမှာ ဆက်စပ်လျက် ရှိ မရှိကိုမူ မသိရသေးပေ။

ဆော်ဒီအာရေဗျနိုင်ငံရှိ ဆီတင်ယာဉ်များတိုက်ခိုက်မှုက အီရန်နှင့် ဆက်ဆံရေးတင်းမာလာမှုများ တိုးမြင့်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်