ရန်ကုန်     စက်တင်ဘာ   ၂၃

 

ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်သည်၊၊

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံ  နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို  စတင်ဖွင့်လှစ်သည်၊၊

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Saud bin Abdullah AL-subaie ကနှုတ်ခွန်းဆက်စကားပြောကြားသည်။။

 

ယင်းနောက်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့်  ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Saud bin Abdullah AL-subaie တို့က ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ကိတ်အား လှီးဖြတ်ပေးကြသည်၊၊

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးတို့သည် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်၊၊

 

ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာဆော်ဒီ အာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Saud bin Abdullah AL-subaie က ညစာစားပွဲ ဖြင့်တည်ခင်းဧည့်ခံသည်၊၊

 

အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

(သတင်းစဉ်)