ဆော်ဒီအာရေဗျရှိ ရေနံတင်အဆောက်အဦများကို ပြီးခဲ့သည့်အပတ်က တိုက်ခိုက်မှုခံခဲ့ရမှုကို မည်သို့ တုံ့ပြန်မည်ကို ရွှေးချယ်ရန် နည်းလမ်းများရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
အီရန်တိုက်ခိုက်မှုများအပြီးတွင် သတင်းထောက်များက အမေရိကန်သမ္မတကို မေးမြန်းခဲ့ရာတွင် တိုက်ခိုက်မှုများအတွက် တုံ့ပြန်ရန် နည်းလမ်းရှာနေကြောင်း သမ္မတက ပြောကြားခဲ့သည်။
အမေရိန်ကန်ပြည်ထောင်စုအနေဖြင့် ရွှေးချယ်စရာ အများကြီးရှိကြောင်း သို့သော်လည်း ယခုလောလောဆယ်တွင် ၎င်းတို့ကို စောင့်ကြည့်နေကြောင်း ထရန့်က ပြောကြားခဲ့သည်။
အမေရိပြည်ထောင်စုအနေဖြင့် ကောင်းမွန်သည့် လက်နက်စနစ်များရှိကြောင်း သို့သော်လည်း မည့်သည့်နိုင်ငံနှင့်မျှ စစ်တိုက်လိုခြင်း မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဉရောပနှင့် ပင်လယ်ကွေ့နိုင်ငံများနှင့်အတူ အဆိုပါ ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကို ဆော်ဒီအာရေဗျနိုင်ငံသို့ စေလွှတ်ရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်