ကိုင်ရို ဇွန် ၂၂
အီဂျစ်သမ္မတ အက်ဒယ်ဖာတက်အယ်စီစီသည် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန် အယ်ဆတ်ကို ဇွန် ၂၀ ရက် ညပိုင်း တွင် ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ခံ ကြိုဆိုခဲ့ကြောင်း အီဂျစ်သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
အီဂျစ်နိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိလာသည့် ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန် အယ်ဆတ်သည် အီဂျစ်သမ္မတ စီစီနှင့် နယ်ပယ်စုံကဏ္ဍစုံတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်သွားရန် နည်းလမ်းများကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဆော်ဒီအိမ်ရှေ့မင်းသားသည် အီဂျစ်ခရီးစဉ် ပြီးပါက ဂျော်ဒန်နိုင်ငံနှင့် တူရကီနိုင်ငံတို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဆော်ဒီအာရေဗျ နိုင်ငံသို့ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တွင် လာရောက် ရန် စီစဉ်ထားကြောင်း၊ မကြာသေးမီက ထုတ်ပြန် ကြေညာချက်မတိုင်မီ ဆော်ဒီအိမ်ရှေ့မင်းသား ၏ အာရပ်ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ