၁၄ ဖေဖော်ဝါရီ
ဥရောပသမဂ္ဂရဲ့ ငွေကြေးခဝါချသူများ စာရင်းမှာ ဆော်ဒီအာရေးဘီးယားနိုင်ငံနဲ့ တခြားနိုင်ငံ ၆ နိုင်ငံကို ထည့်ဖို့ ဘရပ်ဆဲက ပြင်ဆင်နေတာနဲ့ ပတ်သတ်ပြီး ဆော်ဒီအနေနဲ့ ဝမ်းနည်းကြောင်းပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်အဖွဲ့တွေနဲ့ ဒုစရိုက်မှုကို ကျူးလွန်အောင် လုပ်ဆောင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့မှုရှိတဲ့ အစိုးရတွေကို ဥရောပသမဂ္ဂရဲ့ ငွေကြေးခဝါချသူများ စာရင်းမှာ ထည့်ခြင်းဖြစ်ပါတယ်။
ဆော်ဒီ၊ ပနားမား ၊ အီရန်၊အီရတ်၊ ပါကစ္စတန်၊ အီသီယိုးပီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတွေကို ငွေကြေးခဝါချသူများ စာရင်းမှာထည့်ဖို့ အီးယူက ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီစာရင်းမှာ ထည့်ခြင်းဟာ ပိတ်ဆို့အရေးယူဖို့အတွက် မဟုတ်တာတွေ့ရပါတယ်။ ဒါပေမယ့် ဥရောပအတွင်းရှိ ဘဏ်များမှာ ငွေကြေးခဝါချသူများ စာရင်းဝင်နိုင်ငံတွေရဲ့ အဖွဲ့အစည်းများဘဏ်စာရင်းနဲ့ ကိုယ်ပိုင်ဘဏ်စာရင်းရှိသူတွေရဲ့ ငွေအသွင်းအထုတ်ကို ချုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
ဥရောပသမဂ္ဂရဲ့ ငွေကြေးခဝါချသူများ စာရင်းမှာ နိုင်ငံအသစ် အမည်ထည့်ရေးကို အဖွဲ့ဝင် နိုင်ငံ ၂၈ နိုင်ငံနဲ့ ဥရောပပါလီမန်က ထောက်ခံပြီးဖြစ်ပေမယ့် ဗြိတိန်နဲ့ ပြင်သစ်တို့က ဆန့်ကျင့်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP