၂ စက်တင်ဘာ
ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ကျင်းပမယ့် 'Davos in the Desert' အစည်းအဝေးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝန်းက ခရီးသွားလာရေးကို အနှောင့်အယှက် ဖြစ်စေတဲ့အတွက် နောက်နှစ်ဇန်နဝါရီထိ ရွှေ့ဆိုင်းလိုက်ကြောင်း အစည်းအဝေး စီစဉ်သူတွေက အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
အစည်းအဝေးဟာ မူလက အောက်တိုဘာလမှာကျင်းပဖို့ ရှိပေမယ့် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်မယ့် အစည်းအဝေးကို ဇန်နဝါရီ ၂၆-၂၈ ကို ပြောင်းရွှေ့လိုက်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
ကြေညာချက်မှာ ကမ္ဘာတစ်ဝန်းက ခရီးသွားလာမှု အခက်အခဲနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တစ်နိုင်ငံခြင်းရဲ့ စည်းမျဉ်းတွေအရ အခုလို ဆုံးဖြတ်ရတာဖြစ်ကြောင်း ပြောပါတယ်။
နောက်ထပ် နိုင်ငံတကာအစည်းအဝေးတစ်ခုဖြစ်တဲ့ ဒါးဗို့စ်မှာ ကျင်းပဖို့ရှိတဲ့ World Economic Forum အစည်းအဝေးပွဲကိုလည်း နောက်နှစ် နွေရာသီအထိ ရွှေ့ဆိုင်းထားပါတယ်။
MDN
ကိုးကား - AFP