mdn

ဆော     ၂၀  ဇွန်

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ခွင်းချောင်းကျေးရွာအနီး၌ ကျေးလက်လမ်းဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့မှ တည်ဆောက်နေသည့် ခွင်းချောင်းကျေးရွာနှင့် ဆောမြို့သို့ ဆက်သွယ်ထားသော ဆောချောင်းကူးတံတား(ငုပ်လျှိုးတံတား)သည် ယခုအခါ ၈၀ ရာခိုင်နှုန်း တည်ဆောက်ပြီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ငုပ်လျှိုးတံတားအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၀၀ ဖြင့် ဆောချောင်းကိုဖြတ်ပြီး မီတာ ၈ အခန်း နှစ်ခန်း၊ မီတာ ၁၀ အခန်း ခြောက်ခန်းပါရှိသည့် သံကူကွန်ကရစ်တံတားအမျိုးအစားအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (တံတားတည်ဆောက်ရေးအဖွဲ့) မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်၍ တံတားအရှည်မှာ ၇၆ မီတာ(၂၅၀)ပေရှိပြီး အကျယ်မှာ ၄ ဒဿမ ၇ မီတာရှိကြောင်း သိရသည်။

 

အဆိုပါတံတား တည်ဆောက်ပြီးစီးသွားပါက စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေကြသော ခွင်းချောင်း ကျေးရွာ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့သွားမည့်အပြင် ဆက်စပ်လျက်ရှိသည့် ကျေးရွာများ၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာအချို့တို့ပါ ကုန်စည်စီးဆင်းမှုနှင့် ပညာရေး၊ ကျန်းမာရေးတို့အတွက် အဆင်ပြေသွားစေမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မျိုးသန့် (ဆော)