နေပြည်တော် ၁၇ ဇူလိုင်

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ယင်းဝန်ကြီးဌာန၏ ရုံးအဆောက်အဦ ဧရိယာအတွင်း၌ ကျင်းပသည်။သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့်ဇနီး ဒေါ်သွင်သွင်အေးမှီတို့က ကံ့ကော်ပင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ဇနီး ဒေါ်နီနီအောင်တို့က တစ်ရှူးယူကလစ်ပင်တို့ကို စိုက်ပျိုးပေးပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဂျင်နီယာချုပ်များက ကျွန်းပင်များကို စိုက်ပျိုးပေးကြသည်။

 

5493

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန အရာထမ်း / အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ၏ သစ်ပင်စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် (၅၀ဝ)၊ တစ်ရှူးယူကလစ်ပင် (၂၀ဝ)နှင့် အခြားအရိပ်ရပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ အရာထမ်း/ အမှုထမ်းများအား Promoting Accountability and Responsibility အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်