နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမြေ၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန(MLIT)တို့၏ (၇)ကြိမ်မြောက် ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Prime Hill Business Square ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။

 

အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် ဂျပန်နိုင်ငံ MLIT မှ ဒုတိယဝန်ကြီး Mr. Yamada Kunihiro တို့က အမှာစကားပြောကြားကြပြီး Construction Industry Sector ကဏ္ဍတွင် အဆောက်အဦ ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဒေါ်အေးအေးမော်က “The current Process to Reorganize MoC as a regulatory Body” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က “The Road and Bridge Project in Myanmar , Yangon Outer Ring Roat and Yangon Elevated Expressway” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Housing Sector ကဏ္ဍတွင် ဂျပန်နိုင်ငံ Housing Bureau မှ ညွှန်ကြားရေးမှူး Mr. Murakami က Public rental Housing in Japan ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Urban Development Sector ကဏ္ဍတွင် ဂျပန်နိုင်ငံ Urban Bureau မှ ဒုတိယညွှန်ကြားရေးမှူး Mr. Taka က Report on Initiatives in the Urban Sector in Myanmar ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ ဒုတိယဝန်ကြီးများသည် အစည်းအဝေး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

 

သတင်းစဉ်