၃ မေ

 

ဆော်လမွန်ကျွန်းများ ရှိ ဘူအလာ မြောက်-အရှေ့မြောက်ဘက် ၁၄၅ ကီလိုမီတာ အကွာတွင် ပြင်းအား ၆ ဒသမ ၁ ပမာဏရှိ မြေငလျင်တစ်ခု  ယနေ့ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့ က ပြောကြားခဲ့သည်။

 

၁၀ ကီလိုမီတာအနက် ရှိသော အဆိုပါ ငလျင်ဗဟိုချက်သည် ကနဦးတွက်ချက်မှုအရ အရှေ့လောင်ဂျီတွဒ် ၁၆၀ ဒသမ ၁၁၅၆ နှင့် တောင်လတ္တီတွဒ် ၆ ဒသမ ၉၃၄၆ ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို