ဆော  ၁၈  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက ဗိုလ်မှူးသန်းထွဋ်(ငြိမ်း)ကို ရည်စူး၍ ဒေါ်မူမူ(လောင်းရှည်) တော်ဝင်သဇင်မိသားစုဝင်မှ စုစုပေါင်း ငွေကျပ် ၁,ဝ၂၅,ဝ၀ဝ တန်ဖိုးရှိ အောက်ဆီဂျင်စက် (Air Sep) တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

mdn

 

လှူဒါန်းသည့် ပစ္စည်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။

 

ယင်းနေ့ နံနက်ပိုင်းက အဆိုပါအလှူရှင်များမှ ဆောမြို့နယ် လောင်းရှည် တိုက်နယ်ဆေးရုံသို့ အလားတူ အောက်ဆီဂျင်စက် (Air Sep)တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)