ဆော ၁၀ နိုဝင်ဘာ

ဂန့်ဂေါခရိုင်၊ ဆောမြို့ ရှင်မာလဲမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက် အတွင်း ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပန်းတစ်ထောင် ဆက်ကပ်ပူဇော်ပွဲ ကျင်းပသည်။

 

2068

 

“ပန်းတစ်ထောင် ဆက်ကပ်ပူဇော်ပွဲမှာ ကုန်းပန်း၊ ရေပန်းအစရှိသော ပန်းတစ်ထောင်ကို မြတ်စွာဘုရားရှင်အား ရည်မှန်းပြီး ပူဇော်ကြတဲ့ပွဲပါ၊ ဒက္ခိဏာရာမရွှေစေတီကျောင်းတိုက်ကနေ ပန်းတစ်ထောင်ပူဇော်ပွဲ ကျင်းပတဲ့ ဘုရားရင်ပြင်တော်ထိ လက်ဆင့်ကမ်း ကပ်လှူပူဇော်ကြတာ ဖြစ်ပါတယ်”ဟု ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရှင်မာလဲမြတ်စွာဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်တိုင်ပွဲတော်အဖြစ် နှစ်စဉ်ကျင်းပ လျက်ရှိပြီး ယခုကျင်းပသည့်ပွဲတော်မှာ (၁၂၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်၍ သံဃဒါနဆွမ်းလောင်းလှူပွဲ၊ ဆီမီးတစ်ထောင်ပူဇော်ပွဲ၊ ဆွမ်းတစ်ထောင်ကပ်လှူပူဇော်ပွဲတို့ ကျင်းပသွားမည့်အပြင် ပျော်ပွဲရွှင်ပွဲနှင့် ဇာတ်ပွဲတို့ပါထည့်သွင်း၍ စည်ကားစွာ ကျင်းပကြောင်း သိရသည်။

ဇော်မျိုးသန့်(ပြန်/ဆက်)