ဆော   ၃  အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် ၈၀ နှစ်မှ အသက် ၈၅ နှစ်အတွင်း အဘိုးအဘွားများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက် များမှ အဘိုးအဘွား (၄၉) ဦးအား အောက်တိုဘာ ၂ ရက်က အဘိုးအဘွားများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မြို့ပေါ် သီရိရပ်ကွက်နှင့် ဇေယျာရပ်ကွက်အတွင်းရှိ အသက် ၈၀ နှစ်မှ အသက် ၈၅ နှစ်အတွင်း ဘိုးဘွား(၄၉)ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁,၄၇၀,၀၀၀ ကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များက ထောက်ပံ့ပေးအပ် ခဲ့သည်။

ဆောမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၆၈)အုပ်စုမှ အသက် ၈၀ နှစ်မှ အသက် ၈၅ နှစ်အတွင်း ဘိုးဘွား (၆၇၀)တို့ကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၀,၁၀၀,၀၀၀ ကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အဘိုးအဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇော်မျိုးသန့်(ဆော)