ဆော ၂၆ ဒီဇင်ဘာ

 

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်တွင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲရှိ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၀၂၀ဝ ရှိသည့် နတ်မတောင် (ခ) ဝိတိုရိယတောင် (ခ) ခေါ်နူးစုမ်တောင်သို့ တက်ရောက်မည့် ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဝိတိုရိယတောင်သို့ တက်ရောက်မည်ဆိုပါက မကွေးတိုင်းဒေသကြီး ချောက်မြို့၊ တစ်ဖက်ကမ်း ဆိပ်ဖြူနှင့် ဆောမြို့များသို့ ဖြတ်ကျော်၍ တက်ရောက်ကြရာ ခရီးသွားပြည်သူများသည် ဆောမြို့တွင် တစ်ထောက်နား၍ ယောအစားအစာများ၊ ယောဓလေ့ရိုးရာ အသုံးအဆောင်များကို စိတ်ဝင်တစား လေ့လာကြသည်ကို တွေ့ရသည်။ အလားတူ ဆောမြို့နယ် လောင်းရှည်ဒေသ ရှေးဟောင်းနယ်မြေအား တန်ဖိုးထား၍ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များပြားလျက်ရှိကြောင်းလည်း သိရသည်။

 

“ယခင်နှစ်တွေထက် ဒီနှစ်ခရီးသွားပြည်သူတွေများတော့ ကျွန်တော်တို့ ဧည့်ရိပ်သာမှာ နေ့စဉ် အခန်းတွေ မအားသလောက်ပဲ။ ကျွန်တော်တို့တွင်မကပါဘူး မြို့ပေါ်က တည်းခိုခန်းတွေ အကုန်လုံးနီးပါးပါ။  စားသောက်ဆိုင်တွေ၊ အဝတ်အထည်ဆိုင်တွေမှာ လာရောက်ဝယ်ယူ အားပေးကြတာတွေ တည်းခိုကြတာတွေ့ရပါတယ်။” ဟု ဆောမြို့ တောင်ဝင်ရွှေကြယ် တည်းခိုခန်းပိုင်ရှင်က ပြောသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)