ဆော ၂၅ ဖေဖော်ဝါရီ

 

ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများ အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားမှုဌာန၊ ခရိုင်ရုံး၊ ပခုက္ကူမှ ဖေဖော်ဝါရီ ၂၄ ရက်က  ဆောမြို့၊ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမ၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

 

14521

 

ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ ယာဉ်မှတ်ပုံတင်လုပ်ငန်းတွင် မော်တော်ယာဉ် နှစ်လဲဆောင်ရွက်ပေးမှု ၅၃ စီး၊ မော်တော်ဆိုင်ကယ် နှစ်လဲဆောင်ရွက်ပေးမှု ၂၁ စီး၊ ယာဉ်မောင်းလိုင်စင် နှစ်လဲဆောင်ရွက်ပေးမှု ၃ စောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ပြုလုပ်ရာတွင် ပခုက္ကူခရိုင်၊ ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားမှုဌာန ဒုဦးစီးမှူး ဒေါ်ခင်မာကြည်ဦး ဦးဆောင်သော ဝန်ထမ်းများ၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြို့နယ်မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်း ကြီးကြပ်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)

 

163