ဆော၊ ၈ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ် လောင်းရှည်ဒေသ၌ ကိုဗစ်-၁၉ ကာကွယ်တာဆီးနိုင်ရေးနှင့် လုံခြုံရေး လုပ်ငန်းများအတွက် အသိပညာပေးလုပ်ငန်းများကို ရှေးဟောင်းမြို့ လောင်းရှည် ဘုရားသုံးဆူအနီး မြို့ဝင်နေရာတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကြပ်မတ်စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရွာတွင် လောင်းရှည် တိုက်နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ် စဉ်ဆက် မပြတ် ဆောင်ရွက်ခြင်းကို လည်းကောင်း ညပိုင်းတွင် လောင်းရှည်နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးသီဟ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ရပ်ကျေးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ နယ်မြေလုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ အများပြည်သူ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရေးတို့အတွက် လှည့်ကင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အထူးကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)


