ဆော ၈ ဖေဖော်ဝါရီ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း(CDD) တတိယနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေပြည်သူတို့၏ ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လေးကျေးရွာရှိ ချီချောင်းဂုဏ်ဆောင် ကြိုးတံတားသစ်ဖွင့်ပွဲကို ယနေ့နံက်ပိုင်းက အဆိုပါ တံတားတည်ရှိရာနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လေးကျေးရွာ ချီချောင်းဂုဏ်ဆောင် လူကူးကြိုးတံတားသစ်သည် အရှည် ၂၀ဝ ပေ အကျယ် ခြောက်ပေ အမြင့် ၂၂ ပေ ရှိပြီး တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၂၈၀ ဒသမ ၁၄၆ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၂၁ ဒသမ ၁၆၄ သိန်း၊ စုစုပေါင်းငွေကျပ် ၄၀၁ ဒသမ ၃၁ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှု တို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကြိုးတံတားသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူထုဗဟိုပြု စီမံကိန်းဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူကျေးရွာသား စုစုပေါင်း အင်အား ၂၀ဝ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းလွင်(မကွေး)