ကျောက်ထု ၁၆  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ပခုက္ကူ- ကျောက်ထု- မင်းတပ်ကားလမ်း နသိုးကျေးရွာအနီး မိုင်တိုင်အမှတ် ၇၄/၆ နှင့် ၇၄/၇ ကြားတွင် ယမန်နေ့ ညနေ(၃)နာရီခွဲခန့်က ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်း သေဆုံးသွားကြောင်း သိရသည်။

 

တိမ်းမှောက်ပုံမှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သရက်တောကျေးရွာနေ ဦးကိုမင်း (၃၃)နှစ် မောင်းနှင်သော 5B/---- NISSAN DIESEL (၆)ဘီး ကားသည် ကျောက်ထု လေယာဉ်ကွင်း အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းအတွက် ဘိလပ်မြေအိတ်များပို့ပြီးအပြန် နသိုးကျေးရွာအနီး တောင်ဆင်းတွင် ဘရိတ်ပေါက်၍ ချောက်ထဲသို့ ထိုးကျရာ ယာဉ်မောင်းဖြစ်သူ အောင်ကိုမင်းသည် ရင်ဘတ်ညိုမဲဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

ယာဉ်နောက်လိုက်သူ မောင်စိုးမြင့်နိုင်သည်လည်း ဒဏ်ရာအနည်းငယ်ရရှိပြီး ကျောက်ထုမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

မောဟေမာန်(ပြန်/ဆက်)