ဆော ၇  အောက်တိုဘာ

 

 

ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန် ရည်ရွယ်၍ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

 

 

အဆိုပါ ပြိုင်ပွဲတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးနှင့် အသပ်ရပ်ဆုံး ခြယ်နိုင်သူ သုံးဦးအား ဆုလက်ဆောင်များနှင့် ပြိုင်ပွဲဝင်များအား ဆေးရောင်ခြယ် စာအုပ်များကို မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာဝင်းက ချီးမြှင့်ပေးခဲ့ ကြောင်း သိရသည်။

 

 

ဇော်မျိုးသန့်(ပြန်/ဆက်)