ဆော  ၁၉   မတ် 

 

တောရိုင်းတိရစ္ဆာန်များ ဖမ်းယူသတ်ဖြတ်စားသုံးခြင်း မပြုလုပ်ကြရန် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် သစ်တောဦးစီးဌာနက စားသောက်ဆိုင်များ၊ လူစည်ကားရာနေရာများ၌ အသိပညာပေးပိုစတာများ ကပ်၍ ကြေညာထားသည်။

 

အဆိုပါ သတိပေးချက်တွင် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ခြင်း မပြုလုပ်ကြခြင်းဖြင့် ကုသိုလ်ယူကြရန်နှင့် ငှက်သားကိုစားသုံးပါက H1N1 အပြင်းဖျား တုပ်ကွေးရောဂါ၊ ခရုသင်း၊ သမင်ဖြူ၊ နူနာနှင့် အနာကြီးရောဂါ ဖြစ်ပွားနိုင်ကြောင်း စသည့်အကြောင်းအရာများ ဖော်ပြပါရှိသည်။

 

5

 

အသိပညာပေး ပိုစတာများကို မတ် ၁၈ ရက်မှ စတင်ကာ မြို့ပေါ်စားသောက်ဆိုင်များနှင့် လူစည်ကားရာနေရာများတွင် ချိတ်ဆွဲပြသထားပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည့်အပြင် သားရဲတိရစ္ဆာန်များ မျိုးတုံးပျောက်ကွယ် မသွားစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)