ဆောမြို့   ၁၁    နိုဝင်ဘာ

           

မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်အတွင်း ကျေးရွာ(၄)ရွာ ၌ ကျေးလက်နေ ပြည်သူ များ သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်းမူလခွင့်ပြုငွေကျပ် ( ၉၆.၈၉ ) သန်း ဖြင့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ထိုသို့ဆောင်ရွက်ရာ၌ ကျောက်မြောင်းကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများ၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း ၊ ခွေးမည်းကန်ကျေးရွာတွင် ဂါလံ(၂၄၀ဝ)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း  ၊ လက်တူးတွင်းတူးဖော်ခြင်း၊ ၂ လက်မ ပေ ၁၈၀ဝ  ပိုက်လိုင်း သွယ်တန်းခြင်း၊ ကျင်းလိန်ကျေးရွာတွင် ဂါလန်(၅၀ဝ၀)ဆံ့ ရေကန်တည်ဆောက်ခြင်း၊ PVC  ရေပိုက်လိုင်း ပေ(၁၃၀ဝ၀) သွယ်တန်းခြင်း ၊ ပုလဲကျေးရွာတွင် (၃/ဝ)မိုင် စိမ့်စမ်းရေ သွယ်တန်းခြင်း စသည့် ရေပေးရေး လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီစီးပါက ကျေးရွာ(၄)ရွာ၏ အိမ်ခြေ   (၄၃၂)အိမ်၊ လူဦးရေ (၁၉၆၃)ဦး တို့အတွက် ရာသီမရွေး  သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါ်မြစန်းလင်း ကပြောသည်။

 

နော်သူလင်း(ဆော)