ဆော၊ ၉ ဇွန်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိရာ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများက ချေးငွေများ လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးတို့အတွက် ၂၀၂၁ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို လယ်တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံတစ်ဧကလျှင် ၁၀၀၀၀၀ နှုန်းဖြင့် ဇွန် ၄ ရက်မှစတင်ကာ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ တောင်သူ ၉၃ ဦး၏ လယ်ယာမြေ ၂၁၂ ဧကအတွက် ချေးငွေစုစုပေါင်း ၂၇၇၀၀၀၀၀ ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၂၀ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေအောင်ပေးဆပ်ထားသော တောင်သူများကို ၂၀၂၁ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း ဆောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအောင်မြင့်ကျော်ထံမှ သိရသည်။
၁၄၄


