ဆော ၉ ဇန်နဝါရီ 


ကျေးရွာများရှိ တောင်သူလယ်သမားများအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အခြေခံသမဝါယမအသင်းများသို့ (၁၁)ကြိမ်မြောက် EXIM Bank ချေးငွေ ပေးအပ်ပွဲကို ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီက ဂန့်ဂေါခရိုင် ဆောမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ာိည

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်က အမှာစကား ပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်ဦးက အခြေခံသမဝါယမအသင်းများ၏ ရည်ရွယ်ချက်များနှင့် မူဝါဒများကိုလည်းကောင်း၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မောင်ညွန့်က EXIM Bank ချေးငွေထုတ်ချေးရခြင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

Mdn

 

ထို့နောက် ဒေသအလိုက်ချေးငွေများပေးအပ်ရာ ကျောက်ထုမြို့ဒေသ (၄၄)သင်းအတွက် ကျပ် ၃၃၅၁ ဒသမ ၁၅၈ သိန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်ကလည်းကောင်း၊ ဆောမြို့ဒေသ (၃၁)သင်းအတွက် ကျပ် ၂၅၀၉ ဒသမ ၁၀ဝ သိန်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးကလည်းကောင်း၊ လောင်းရှည်(မြို့ဟောင်း) ဒေသ (၂၉) သင်းအတွက် ကျပ် ၁၁၂၂ ဒသမ ၂၉၉ သိန်းကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်ဦးကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး အသင်းပေါင်း ၁၀၄ သင်းအတွက် ထုတ်ချေးငွေပေါင်းမှာ ကျပ်သိန်း ၉၆၈၂ ဒသမ ၅၅၇ သိန်းဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN