ဆော  ၉  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် Facility Quarantine Centre ၌ အသွားအလာ ကန့်သတ်ကာလ ၂၁ ရက် ပြည့်သူ (၄)ဦးအား ဇူလိုင် ၉ ရက် နံနက် ၈ နာရီက အိမ်ပြန်ခွင့်ပြုလိုက်ကြောင်း သိရသည်။

 

mdn

 

ဆောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ သည် အိမ်ပြန်ခွင့်ရသည့် အမျိုးသား(၂)ဦး ၊ အမျိုးသမီး(၂)ဦး ၊ စုစုပေါင်း(၄)ဦးကို ကျန်းမာရေး ထောက်ခံချက် ပေးအပ်ခဲ့ပြီး နေအိမ်တွင် Home Quarantine နောက်ထပ် ၇ ရက်အတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး နှင့် ကျန်းမာရေးအသိပညာပေးချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆောမြို့နယ်တွင် ပြည်ပမှနေရပ်ပြန်သူများကို ဆောမြို့ မိုးကုတ်ရိပ်သာတွင် အသွားအလာ ကန့်သတ်ကာလ ၂၁ ရက်စောင့်ကြပ်ထားရှိကာ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် မှတ်တမ်းရယူခြင်းကို နေ့စဉ် ဆောင်ရွက်ကြပြီး Quarantine စောင့်ကြည့်ထားသူ (၂၇)ဦးအနက် (၄)ဦးတို့ နေအိမ်ပြန်ခွင့် ရရှိခဲ့ကြ၍ လက်ရှိတွင် အမျိုးသား(၁၆)ဦး၊အမျိုးသမီး(၇)ဦးတို့ စောင့်ကြပ်ကြည့်ရှုခံယူလျက်ရှိကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)