ဆော ၁၆  စက်တင်ဘာ 

 

ဂန့်ဂေါခရိုင် ဆောမြို့နယ် တိုင်းရင်းဆေးကုဌာန ဆေးကုသရေးအဖွဲ့သည် ဆောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူများကျန်းမာရေးအတွက် တိုင်းရင်းဆေးဖြင့် ကုသလျက်ရှိရာ စက်တင်ဘာ ၁၅ ရက်က ပိန်းချောင်းကျေးရွာ၌ ကျန်းမာရေးကုသခြင်းလုပ်ငန်းများနှင့် ပညာပေး ဟောပြောပွဲကို အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။

 

88888888888

 

ရှေးဦးစွာ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟန်နီလှစိုးက ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများ နှင့်တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ   လက်ထောက်တိုင်းရင်းဆေးဆရာမ ဒေါ်နန်းအိစံက ပတ်ဝန်းကျင်မှ ဆေးဖက်ဝင်အပင်များအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူအား ကျန်းမာရေး စမ်းသပ်စစ်ဆေးပြီး လူနာ ၇၈ ဦးတို့ကို အခမဲ့ဆေးကုသ ပေးခဲ့ကြသည်။

 

6

 

ထိုသို့ ကုသရာတွင် ဒူးနာ၊ခါးနာ၊သွေးတိုး၊ဆီးချို၊ကျီးပေါင်းတက်ရောဂါ ဝေဒနာရှင်များကို အများဆုံး ကုသရကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်