ဆော  ၁၀    ဧပြီ 

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းတို့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟတိတလူမှုရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှ ပူးပေါင်း၍ ဆောမြို့ အဝင်အထွက်တွင် စစ်ဆေးရေး ဂိတ်စခန်းဖွင့်၍ မြို့တွင်း ဖြတ်သန်းသွားလာနေသော မော်တော်ယဉ်များအား ဧပြီ ၉ ရက် နံနက်ပိုင်းမှ စတင်၍ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် မော်တော်ယဉ်များအား အဝင်အထွက်စာရင်းများ ကောက်ယူ၍ ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊လက်ဆေးစေခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)