ဆော ၁၄ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး မျိုးသန့်မျိုးပွားစိုက်ပျိုးသည့် ကျေးရွာများရှိ တောင်သူများထံ ဓါတ်မြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးခင်မောင်ကြည်က ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အရည်အသွေးကောင်း မျိုးစပါးရရှိရေးနှင့် ဒေသတွင်း မျိုးလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ဆောမြို့နယ် သီးကုန်းကျေးရွာနှင့်မင်းလယ်ကျေးရွာတွင် မိုးစပါး မျိုးသန့်မျိုးပွားစိုက်ပျိုးသော ၂၅ ဧကအတွက် ယူရီးယားဓါတ်မြေသြဇာ ၂၀ အိတ်နှင့်ဇီဝစူပါ ရွက်ဖျန်းမြေသြဇာ ၃၂ ပုလင်းတို့ကို အဆိုပါ ကျေးရွာ တောင်သူ ၂၀ ဦးထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


