ဆောင်းဂျွန်ကီ Bogota ရုပ်ရှင် ဆက်လက်ရိုက်ကူး

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့မင်းသားတစ်ဦးဖြစ်သူ ဆောင်းဂျွန်ကီဟာ သူ့ရဲ့ရုပ်ရှင်သစ် Bogota ရိုက်ကူးရင်းက အဖွဲ့ဝင်တစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် အသွားအလာကန့်သတ် နေထိုင်ခဲ့ရာမှ လတ်တလောမှာတော့ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရုပ်ရှင်ကို ပြည်ပမှာ သွားရောက်ရိုက်ကူးရင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုတွေကြောင့် ရိုက်ကူးရေးလုပ်ငန်းတွေကို ရပ်နားထားခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ဇွန်လအတွင်း ကိုရီးယားမှာပင် ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ခဲ့ရာမှာတော့ ရိုက်ကူးရေးအဖွဲ့မှာ ပါဝင်ခဲ့သူတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် သူနဲ့ ထိတွေ့မှုရှိခဲ့သူ ဆောင်းဂျွန်ကီ အနေနဲ့ နေအိမ်မှာ သီတင်းနှစ်ပတ်ကြာ အသွားအလာကန့်သတ် နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၄ ရက်ကြာ သီးခြားနေထိုင်ခဲ့ပြီးနောက် ဆောင်းဂျွန်ကီဟာ လက်ရှိမှာ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အေးပြည့်