ဘားအံ  ၈ ဇန်နဝါရီ 

 

ကရင်ပြည်နယ် ဘားအံမြို့ ဝါးဆူးကျေးရွာတွင် ဆောင်းမြေပဲစိုက်ခင်းများအတွင်း စိုက်ပျိုးရေးနည်းပညာ အလေ့အကျင့် ကောင်းများဖြင့် စိုက်ပျိုးနည်းစနစ်များအား ဇန်နဝါရီ ၆ ရက်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများသည် ဝါးဆူးကျေးရွာရှိ တောင်သူ ဦးမဲတူး၏ ဆောင်းမြေပဲ ၁၀ ဧကရှိ စိုက်ခင်းတွင် စိုက်ပျိုးရေးနည်းပညာ အလေ့အကျင့်ကောင်းများဖြင့် စိုက်ပျိုးနည်းစနစ်များအား လေ့လာခဲ့ကြပြီး ဘားအံမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဆဲင်ဇခုပ်က ဆောင်းမြေပဲစိုက်ခင်းများတွင် ဓာတုပိုးသတ်ဆေး လျော့ချသုံးစွဲနိုင်ရေးအတွက် yellow sticker များ ချိတ်ဆွဲအသုံးပြုပုံ၊ (GAP)နည်းဖြင့် သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် စိုက်ခင်းအတွင်း ပိုးမွှားကျရောက်မှု အခြေအနေများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် Plant Pathology ဌာနရှိ သင်ကြားပြသသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)