ပဲခူး အောက်တိုဘာ ၂၁

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့       နံနက်ပိုင်းတွင် သနပ်ပင်မြို့နယ်ဖရဲ ကျေးရွာအုပ်စု၊ ကာမာဖရန်ကျေးရွာအုပ်စု၊ ငါးကြီးဝင်း ကျေးရွာအုပ်စု၊ စွန်ပိကျေးရွာအုပ်စု၊ ကလိုင်ကျေးရွာအုပ်စုနှင့် ရေကျော်ကျေးရွာအုပ်စုများသို့ ရောက်ရှိပြီး ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများထံ (ရေဆင်းစပ်မျိုး နေကြာ-၁) မျိုးစေ့များနှင့် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်သည်။

 

 ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က   စိုက်နည်းစနစ်များ အသိပညာပေးရန်၊ ဆိုလာရေတင် စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးရန်၊ ရေပေးမြောင်းများ ပြန်လည်အဆင့်မြှင့်တင်ပေးရန်၊ အမှန်တကယ် စိုက်ပျိုးအောင်မြင်နိုင်သည့် မြေနေရာရွေးချယ်ပေးရန်၊ ဥစားဘဲမွေးမြူနိုင်ရေးတို့ကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။  

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ လရောင်ခြယ် ဘဲသားပေါက်ဆိုင်၌ သဘာဝနည်းဖြင့် ဘဲသားပေါက်များ ဖောက်လုပ်ထားရှိမှု၊ ကမာစဲကျေးရွာ အုပ်စုရှိ H.H.Hhatchery ဘဲသားပေါက်ထုတ်လုပ်သည့် စက်ရုံ၊ ကမာစဲကျေးရွာအုပ်စုရှိ ဦးဝင်းထိုက် မောင်၏ ဥစားဘဲကောင်ရေ(၃၀၀၀၀) မွေးမြူထားရှိမှုနှင့် ဒေါက်တာ ခင်မောင်မြင့်၏ ဥစား ဘဲကောင်ရေ(၆၀၀၀)မွေးမြူထားရှိမှုတို့ကို ကြည့်ရှုပြီး ဒေသစပ်စာထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်း ပစ္စည်း လွယ်ကူစွာဝယ်ယူရရှိနိုင်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကျရောက်မှုမရှိစေရေးနှင့် ရေကန်ပေါင်တစ်လျှောက် အုန်းပင်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာ များနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

သနပ်ပင်မြို့နယ်အတွင်း ဘဲမွေး မြူရေးခြံ(၃၆၈)ခြံ၊ ဘဲကောင်ရေ (၂၅၈၁၀၆)ကောင် မွေးမြူထားပြီး နေ့စဉ်ဘဲဥအလုံးရေ(၂၀၀၀၀၀)ကျော် တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)