ကျောက်ထု ၂၀ ဒီဇင်ဘာ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ စပါးပြီးလယ်များတွင် ဆောင်းသီးနှံ အတွက်တိုး ဆီထွက်သီးနှံ နေကြာစံပြကွက် စိုက်ပျိုးကြရန် ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ တောင်သူများသို့ စိုက်ပျိုးရေး ဦးစီးဌာနက နေကြာမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးထားသည်။
ထိုသို့ဖြန့်ဝေရာတွင် နေကြာစိုက်ပျိုးမြေ တစ်ဧကအတွက် နေကြာမျိုးစေ့ ၃ ကီလို နှုန်း ဖြန့်ဝေပေးကြောင်းနှင့် စံပြကွက်စိုက်ပျိုးမြေ ၂၀ ဧကအတွက် ၆၀ ကီလို ဖြန့်ဝေထားကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးကျော်မြင့် ပြောပြချက်အရ သိရသည်။
မောဟေမာန် (ပြန်ဆက်)