ညောင်ဦး၊ ၂ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ်ရေတင် ငါးခုအား ဆောင်းသီးနှံအတွက် ရေပေးဝေမှုများအတွက် ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ကာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ တိုင်းဒေသကြီးရုံးမှ ဦးမျိုးမြင့်ခိုင် (ဒုတိယညွှန်ကြားရေးမှူး) လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)ရုံးမှ ဦးမျိုးမြင့်ခိုင် (ဒုတိယညွှန်ကြားရေးမှူး) သည် နံနက် ၈ နာရီချိန်မှစတင်ကာ ညောင်ဦးမြို့နယ်၊ လောကနန္ဒာလျှပ်စစ်မြစ်ရေတင်၊ ကျောက်ကူးလျှပ်စစ်မြစ်ရေတင်၊ သူကောင်းတည် လျှပ်စစ်မြစ်ရေတင်၊ လက်ပံခြေပေါ် လျှပ်စစ်မြစ်ရေတင်၊ ငါ့သရောက်လျှပ် စစ်မြစ်ရေတင်စသည့် မြစ်ရေတင်ငါးခု၏ ဆောင်းသီးနှံစိုက်ပျိုးချိန် ဆောင်းသီးနှံအတွက် ရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးခြင်း၊ နွေသီးနှံစိုက်ပျိုးချိန်အတွက် ရေပေးဝေနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ချက်များ ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ လျှပ်စစ်မြစ်ရေ တင်တာဝန်ရှိသူများက ရှင်းပြခဲ့ကြောင်း သိရသည်။
လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးရေအတွက်သာမက ရေပေးမြောင်းတစ်လျှောက်ရှိ ကျေးရွာများကိုလည်း သောက်ရေ၊ သုံးရေဖြန့်ဝေပေးလျက်ရှိိကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


