ဆော်ပေါ်လို အောက်တိုဘာ ၁၃
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ဆော်ပေါ်လိုပြည်နယ်၌ အောက်တိုဘာ ၁၁ ရက် ညပိုင်းက အင်အား ပြင်းထန်သည့်မုန်တိုင်းကြောင့် ခုနစ်ဦးသေဆုံးခဲ့ကြောင်း နှစ်ပေါင်း ၃၀ နီးပါးအတွင်း အပြင်းထန် ဆုံးသော ရာသီဥတုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး အေဂျင်စီက အောက်တိုဘာ ၁၂ ရက်တွင် ပြောသည်။
ဘောင်ရူမြို့၌ နံရံပြိုကျမှုကြောင့် သုံးဦးသေဆုံး ပြီး ကျန်လေးဦးမှာ သစ်ပင်ပိမှုကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း အဆိုပါအေဂျင်စီက ပြောသည်။ ဆော်ပေါ်လိုမြို့၌ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၆၇ မိုင်ရှိပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန် ဖြစ်သည်ဟု သိရသည်။
လေပြင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက် မှုများဖြစ်ပေါ်ပြီး လူဦးရေ ၁၀ သန်းဝန်းကျင် လျှပ်စစ်မီးပြတ်တောက်မှုဒဏ် ခံစားခဲ့ရသည်။ မုန်တိုင်းဒဏ်ကြောင့် ဆော်ပေါ်လိုမြို့နှင့် အနီး တစ်ဝိုက်မြို့များ၌ ရေထောက်ပံ့ရေးစနစ်ကို အပျက်အစီးများ ဖြစ်ပေါ်စေခဲ့သည်။
ဆင်ဟွာ