ဆော ၆  အောက်တိုဘာ

ဂန့်ဂေါခရိုင် ဆောမြို့အနီး ဆော- ကန်ပက်လက် လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့က မော်တော်ယာဉ်တစ်စီးပေါ်၌ ဓာတ်ဆီပေပါများ တွေ့ရှိသဖြင့် တာဝန်ရှိသူများက ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

 

အဆိုပါကားမှာ ပခုက္ကူမြို့မှ ပခုက္ကူ- ဆော- ကန်ပက်လက်လမ်းအတိုင်း ကန်ပက်လက်မြို့သို့ ယာဉ်မောင်း ဇော်မင်း မောင်းနှင်သည့် ၆ ဘီးယာဉ်ဖြစ်ပြီး တရားဝင်သယ်ဆောင်ခွင့်လိုင်စင် အထောက်အထားပါရှိခြင်း မရှိသဖြင့် ဂါလန် ၅၀ ဆန့် ဓာတ်ဆီပေပါ ၂၅ လုံးကို သိမ်းဆည်းခြင်း ဖြစ်သည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဆောမြို့မ ရဲတပ်ဖွဲ့စခန်း က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကျော်သန်းဆွေ