နေပြည်တော်   ၂၄   ဇန်နဝါရီ

           

ဆေးဘက်ဆိုင်ရာ စာရင်းစစ် ဦးဆောင်ကော်မတီ (Medical Audit Steering Committee) ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယခု အစည်းအဝေးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများကို Medical Audit System အား စတင်ဆောင်ရွက်နေသည်ကို အသိပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် Medical Audit System အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်နိုင်ပါက ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး Universal Health Care ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရာတွင် Road Map အတိုင်း လမ်းကြောင်းမှန်ပေါ်တွင် ခိုင်ခိုင်မာမာလျောက်လှမ်း သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် WHO - Myanmar မှ Deputy Head of Office Dr. Nilesh Buddha က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦး၊ Medical Audit Steering Committee အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။

 

ဆေးဘက်ဆိုင်ရာ စာရင်းစစ် ဦးဆောင်ကော်မတီ (Medical Audit Steering Committee)ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီအနေဖြင့် သက်ဆိုင်ရာဆေးရုံကြီးများ၏ Hospital Medical Record Committee များကို ကြီးကြပ်ခြင်း၊ Medical Auditors များ၏ performance များအရ Incentives များဆောင်ရွက်ပေးသည့် Medical Audit Certificate Programs များဆောင်ရွက်ခြင်းနှင့် လိုအပ်သည်များ ထောက်ကူပံ့ပိုးပေးရန် ဖြစ်ကြောင်း သိရသည်။  

 

အောင်ထွန်း