ရန်ကုန် မတ် ၁၉
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၆)ကြိမ်မြောက်၊ (၂၇)ကြိမ်မြောက်နှင့် (၂၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်စောဦးနှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဘွဲ့နှင်း သဘင်စင်မြင့်တွင် နေရာယူကြ၍ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများက အဓိဋ္ဌာန်ပြု ကတိသစ္စာရွတ်ဆိုကြပြီး ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က ဆေးဘက်ဆိုင်ရာနည်းပညာပါရဂူဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာ သိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာဒီပလိုမာဘွဲ့နှင့် ဆေးဘက်ဆိုင်ရာနည်းပညာ ဘွဲ့ရရှိကြသည့် ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာဘွဲ့လက်မှတ်များ အပ်နှင်းကာ ဂုဏ်ပြု အမှာစကားပြောကြားသည်။
ယနေ့ အခမ်းအနားတွင် ဆေးဘက်ဆိုင်ရာနည်းပညာပါရဂူဘွဲ့ရ ၃ ဦး၊ ဆေးဘက် ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့ရ ၁၀ ဦး၊ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာဒီပလိုမာဘွဲ့ရ ၁၃ ဦးနှင့် ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ရရှိသူ (၂၀၀) တို့ကို သက်ဆိုင်ရာဘွဲ့များ ချီးမြှင့်အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်