ဇီးကုန်း ၁၁  စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ဈေးပတ်ဝန်းကျင်တွင်ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် သတ်မှတ်ထားသောစံချိန်စံညွှန်းနှင့် အရည်အသွေး ကိုက်ညီမှုမရှိသော ဆေးဝါးများနှင့် တားမြစ်ထားသောဆေးဝါးများ ရောင်းချခြင်းမရှိစေရေး အတွက် ဆေးဝါးရောင်းချသောဆိုင်များအား ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်ဆွေနှင့်ဝန်ထမ်းများ၊ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးဦးစီးမှူး ဦးအောင်ညို၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် စက်တင်ဘာ ၁၁ ရက် နံနက်က ဝင်ရောက်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်၏ အမှတ်တံဆိပ်၊ ထုတ်လုပ်/သက်တမ်းကုန်ဆုံးရက်စွဲ ပါရှိမှုနှင့် တားမြစ်ပိတ်ပင်ထားသော ဆေးဝါးများရောင်းချမှု မရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ဇီးကုန်း)