လွိုင်လင် ၁၁ ဇန်နဝါရီ   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်နယ်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်ပြီး သေနတ်ပစ်ဖောက်ကာ တာလွှတ်ပေးခဲ့ကြောင်း သိရသည်။

 

‌ေ

 

အဆိုပါ ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲကို လွိုင်လင်ခရိုင်အားကစားကွင်းရှေ့မှ ပင်လုံမြို့ဘက်အထွက် သစ်တောပျိုးဉယျာဉ်အထိ၊ ထိုမှ ခရိုင်အားကစားကွင်းအတွင်းသို့ ပြန်လည်ပန်းဝင်ခဲ့သည်။  ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၈၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား လွိုင်လင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ ခရိုင်ပညာရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး(တောင်ချွန်းမြေ)